ဖားကန့်မြေစာပုံပြိုကျမှုကိစ္စ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော်မှာ ကြေညာ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၃ ပတ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနက အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ လွှတ်တော်မှာ ကြေညာပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံ ရှင်းလင်းနေတာကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၃ ပတ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနက အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ လွှတ်တော်မှာ ကြေညာပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၈ဦး ဆွေးနွေးခဲ့ပေမယ့် သက်ဆိုင်ရာအစိုးရဘက်က လာရောက်ရှင်းပြတာ မရှိတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အစိုးရအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ကြေညာလိုက်ပါတယ်။

"အခုတင်သွင်းတဲ့ အဆိုတဲ့စပ်လျဉ်းပြီး ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၁ နည်းဥပဒေခွဲ ဂ အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ၂၁ ရက်အတွင်း ပြန်လည်ဖြေရှင်းဆွေးနွေးနိုင်တဲ့ အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ဆွေးနွေးနိုင်မယ့် နေ့ရက်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမယ်ဖြစ်ကြောင်း ကြေညာမယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့က ပြိုကျခဲ့တဲ့ မြေစာပုံကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ၆ရက်ဆက်တိုက် ရှာဖွေရာမှာ ရုပ်အလောင်း ၁၁၄ လောင်းကို တွေ့ရှိပြီးနောက် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်ဥပဒေမှာ လုပ်ငန်းလုပ်တဲ့သူတွေကိုသာ အကာအကွယ်ပေးထားတာဖြစ်ပြီး တစ်ပိုင်တစ်နိုင် လုပ်စားနေသူတွေကို အကာအကွယ်ပေးထားတာ မရှိတဲ့အတွက် ဥပဒေအရ အားနည်းနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ဆွေးနွေးခဲ့ပါတယ်။

ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org