PR စနစ် ဆွေးနွေးရေး တင်ပြချက် ပြည်ထောင်စု လွှတ်တော် ပယ်ချ
လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးသင့်၊ မသင့် ဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက တင်ပြထား တာကို ပြည်ထောင်စုလွှတ်တော်ကနေ ဒီကနေ့ ပယ်ချလိုက်ပါတယ်။
-
2013-07-01 -
-
-
လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးသင့်၊ မသင့် ဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက တင်ပြထားတာကို ပြည်ထောင်စုလွှတ်တော်ကနေ ဒီကနေ့ ပယ်ချလိုက်ပါတယ်။
ဒီစနစ်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ နည်းဥပဒေနဲ့ မညီညွှတ်တဲ့အတွက် လွှတ်တော်မှာ မဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့တာပါ။
"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံက စာဖြင့်ပေးပို့ထားတဲ့ ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲရေးနဲ့ စပ်လျဉ်း ၍ ဆွေးနွေးဆုံးဖြတ်ပေးပါရန် တင်ပြမှုအကြောင်းအရာသည် လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များအရ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းကသော်၎င်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကသော်၎င်း၊ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေများနဲ့အညီ အဆိုတင်သွင်းဆွေးနွေးခွင့်တောင်းခံပြီး ဆက်လက်ဆောင်ရွက်ရမည့် အကြောင်းအရာဖြစ်ပါတယ်၊ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေများနဲ့ ကိုက်ညီမှုမရှိပါသဖြင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် အထက်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ပေးပို့စာနှင့် သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန်မရှိပါ"
ဒီအချိုးကျ ကိုယ်စားပြုစနစ်ကို NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီကနေ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အသုံးပြုနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီစနစ်ကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ အတော်များများက မထောက်ခံခဲ့ကြပေမဲ့ တချို့ပါတီတွေကတော့ သဘောတူထောက်ခံကြတာတွေရှိပါတယ်။