တောင်သူတွေ လယ်ယာမြေပြန်ရအောင် လုပ်ဆောင်မည်
သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တောင်သူတွေထံ ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။
-
2016-08-18 -
-
-
သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တောင်သူတွေထံ ပြန်လည်ရရှိအောင် လုပ်ဆောင်သွား မှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး လည်/ဆည် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက တင်ပြခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ စိုက်ပျိုးမြေတွေဟာ စိုက်နိုင်တဲ့မြေအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းမှာပဲ လက်ရှိအနေအထားမှာ စိုက်ပျိုးနေရတာဖြစ်ပါတယ်၊ ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းသည် မြေသိမ်းယာသိမ်းကြောင့် အလေအလွင့် ဆုံးရှုံးမှုဖြစ်နေ တယ်ဆိုတာက USAID ကနေ သုံသပ်တင်ပြထားတာရှိတဲ့အတွက် ဒီဟာသည် နိုင်ငံတော်ရဲ့ အဓိက ကျသော ဖြေရှင်းရမယ့်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လက်ရှိဆောင်ရွက်နေမယ့် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ အဓိကတာဝန်များဖြစ်ပါတယ်၊ ဒီ ၈ဝ ရာခိုင်နှုန်းသော ကျန်သောအကျိုးမရှိဘဲ နဲ့ မြေယာများကို ဆက်လက်ပြီး မြေယာပိုင်ရှင်များဆီကို အရောက်ပြန်ပို့နိုင်အောင် ကျနော်တို့ဆက်လက်ပြီး ကြိုးစားရမှာဖြစ်ပါတယ်"
အဲ့ဒီအဆိုကို ပဲခူးတိုင်း ဝေါမြို့နယ်မဲဆန္ဒနယ်က ဦးတင်ထွေးက တင်သွင်းတာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့တာကြောင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒါ့အပြင် တောင်သူတွေသုံးစွဲနေတဲ့ မြေသြဇာတွေ အရည်အသွေးကောင်းဖို့၊ နည်းပညာနဲ့ အသိပညာ တွေပေးဖို့နဲ့ သီးနှံထွက်တဲ့အချိန်မှာလည်း ဈေးကွက်တည်ငြိမ်အောင် နိုင်ငံတော်အစိုးရက ထိန်းညှိပေးဖို့ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။