ရေဘေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ လှူဒါန်း
ရေဘေးကြုံတွေ့နေရသူတွေအတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တစ်နေ့တာ နေ့တွက်စရိတ် စုစုပေါင်း ငွေကျပ်သိန်း ၂၄ဝ ကျော်ကို လှူဒါန်းလိုက်ပါတယ်။
-
2018-08-02 -
-
-
ရေဘေးကြုံတွေ့နေရသူတွေအတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တစ်နေ့တာ နေ့တွက်စရိတ် စုစုပေါင်း ငွေကျပ်သိန်း ၂၄ဝ ကျော်ကို လှူဒါန်းလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဋ္ဌတွေက နေ့တွက်စရိတ် လှူဒါန်းဖို့ လွှတ်တော် ရဲ့ သဘောထားမေးမြန်းရာမှာ ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို လှူဒါန်းလိုက်တဲ့ အကြောင်း အခုလို ပြောပါတယ်။
"ဘယ်တိုင်း ဘယ်ပြည်နယ်လို့ မဟုတ်ဘဲနဲ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားသဘာဝဘေးအန္တရာယ်များဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရှိတယ်၊ အဲဒီကော်မတီကတော့ တစ်နိုင်လုံးမှာဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ အချိန်နဲ့တပြေးညီ သွားရောက်လှူဒါန်းနေတာဖြစ်တဲ့အတွက် ဒီကော်မတီကို အပ်လိုက်လို့ရှိရင် ပိုပြီးတော့လွှမ်ခြုံမှုဖြစ်မယ်ဆိုပြီး နေရာဒေသမရွေးဘဲ အမျိုးသားသဘာဝဘေးအန္တရာယ်များဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(ဗဟို)ကို ကျနော်တို့က လှူဒါန်းလိုက်တာပါ"
အဲဒီအလှူငွေတွေကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် ရွှေ့ပြောင်းနေ ရသူ တစ်သိန်းခွဲရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၂ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။