လွှတ်တော်ကို စောင့်ကြည့်ရေး သပိတ်စခန်းများ ဖွင့်လှစ်မည်
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဧရာဝတီ တိုင်းစစ်ကြောင်းဟာ စောင့်ကြည့်ရေး သပိတ်စခန်းတွေ ဖွင့်လှစ်မယ်လို့ ဒီမို ကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်း သားကိုယ်စားလှယ် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုပိုင်ရဲသူ က မနေ့က ပြောကြားလိုက်ပါတယ်။
-
2015-02-16 -
-
-
Your browser doesn’t support HTML5 audio
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဧရာဝတီတိုင်းစစ်ကြောင်း ဟာ စောင့်ကြည့်ရေး သပိတ်စခန်းတွေ ဖွင့်လှစ်မယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ က ကျောင်းသားကိုယ်စားလှယ် ဒဂုံတက္ကသိုလ်ကျောင်း သား ကိုပိုင်ရဲသူက မနေ့က ပြောကြားလိုက်ပါတယ်။
ပုသိမ်မြို့က စချီတက်လာတဲ့ ဧရာဝတီတိုင်း ပညာရေး ဒီမိုကရေစီ သပိတ်စစ်ကြောင်းဟာ ဘိုကလေးမြို့ကို မနေ့က ချီတက်ဟောပြောပြီး မွန်းလွဲ ၃ နာရီလောက်မှာ ဘိုကလေးမြို့ကနေ ဒေးဒရဲကို ဆက်လက်သွားရောက် တယ်လို့ ဧရာဝတီတိုင်း သပိတ် စစ်ကြောင်း ဝန်းရံကော် မတီဝင် ဦးအောင်မြင့် ကပြောပါတယ်။
နှစ်မြို့လုံးက ပြည်သူလူထုက ကျောင်းသားတွေ ကို သောင်းသောင်းဖျဖျ ကြိုဆိုအားပေးတယ်လို့ဆိုပါတယ်။
သပိတ်စစ်ကြောင်းဟာ ဒေးဒရဲကနေ ည ၁၁ နာရီလောက်မှာ ဖျာပုံမြို့ကို ပြန်ရောက် တယ်လို့လည်း ဦးအောင်မြင့် ကပြောပါတယ်။
ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုက ဦးဆောင်ပြီး မန္တလေးကနေ ရန်ကုန်ထိချီတက်နေ တဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ကတော့ ပဲခူးတိုင်း မင်းလှမြို့မှာ ညအိပ်ရပ်နားပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဒီလ ၁၆ ရက်နေ့မှာတင်မယ်ပြောပေမဲ့ မတင်သွင်းနိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင် ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။