ရေယာဉ်နစ်မြုပ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့ရေးအဆို လွှတ်တော်ပယ်ချ
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ် (၃)ရေယာဉ် နစ်မြုပ်ခဲ့တာနဲ့ ပတ်သက် ပြီး ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးဖို့အတွက် ပြည်သူ့လွှတ်တော်ထံ အရေးကြီးအဆို တင်သွင်းဖို့ကြိုးစားရာမှာ ပယ်ချခံလိုက်ရပါတယ်။
-
2015-03-17 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃)ရေယာဉ် နစ်မြုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးဖို့ အတွက် ပြည်သူ့လွှတ်တော်ထံ အရေးကြီးအဆို တင်သွင်းဖို့ကြိုးစားရာမှာ ပယ်ချခံလိုက်ရပါတယ်။
ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အယုံအကြည်မရှိ တာကြောင့် ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ခု ဖွဲ့စည်းပေးဖို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့တာဖြစ် တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။
"သူတို့မှာ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာလည်း ဥပဒေအရမရှိဘူးလေ၊ သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကလည်း ဒီကိစ္စကို မှန်မှန်ကန်ကန် သူတို့ဖော်ဆောင်နိုင်စွမ်း ဘယ်လိုမှရှိမှာမဟုတ်ဘူး၊ ဒီကိစ္စကို မနက်ဖြန်အစီရင်ခံစာတင်ရမယ်၊ အခုဟာက သေတဲ့သူက ဘယ်နှစ်ယောက် သေမှန်းတောင်မသိသေး ဘူး၊ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဥက္ကဌဆီကိုပို့ထားလိုက်တယ်၊ ဥက္ကဌဆီကပြန်လာတာ က ပြည်နယ်မှာဆောင်ရွက်နေကြပြီဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာဆွေးနွေးစရာမလိုဘူးဆိုပြီးတော့ အဲဒီ့ဆွေးနွေးခွင့်ကို လက်မခံလိုက်ဘူးပေါ့"
အဲဒီအရေးကြီးအဆိုကို ကိုယ်စားလှယ် ဦးဘရှိန်က အမျိုးသားလွှတ်တော်မှာ ထပ်မံတင်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အောင်တံခွန် အမှတ် (၃) ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့က ငပသုန်ကျွန်းနဲ့ မြောက်ကြိမ်ကျွန်းအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူအလောင်း ၆၄ လောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။
ရေယာဉ်နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးတဲ့ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြည်နယ်အစိုးရထံ မနက်ဖြန်မှာ အစီရင်ခံစာတင်သွင်းရမှာဖြစ်ပါတယ်။
ရခိုင်ရေယာဉ်နစ်မြုပ်မှု စုံစမ်းရေးအဖွဲ့ ဥက္ကဌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။