ရခိုင်ဒုက္ခသည်ကူညီရေး အရေးပေါ် အဆို ပြည်သူ့လွှတ်တော် ပယ်ချ
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက် ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်ထောင်စုအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ကို ခွင့်မပြုဘဲ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပယ်ချလိုက်ပါတယ်။
-
2016-05-10 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ကို ခွင့်မပြုဘဲ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပယ်ချလိုက် ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မပြုတဲ့အတွက် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကိစ္စကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပြီး တောင်းဆိုသွားမယ် လို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။
"ပြည်ထောင်စုကို တင်ဖို့လုပ်မလားဆိုတာ ကျမတို့တွေက ပြည်ထောင်စုက ပယ်ချလိုက်တယ်ဆိုရင်လည်း မကောင်းတော့ဘူးပေါ့နော်၊ နောက်ပြည်သူ့လွှတ်တော်ကတောင် လက်မခံတဲ့အတွက် ကျမတို့ လွှတ်တော် ကိုယ်စားလှယ် ၂၂ ယောက်စလုံးက သမ္မတကိုရော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကိုရော ကျမတို့ ရေရှည်မှာအဆင်ပြေနိုင်ရေးအတွက် ကျမတို့ ဘေးဒုက္ခကယ်ဆယ်ရေးကို ပြည်ထောင်စုအစိုးရအနေနဲ့ ကူညီပေးဖို့ကို စာတင်ပြီးတော့ တောင်းဆိုသွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အခုဆိုရင်ကျမတို့ ဒီတစ်ရက် နှစ်ရက်အတွင်းမှာပဲ တင်ဖို့ရှိပါတယ်"
ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၂ ယောက် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြတောင်းဆိုမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့မေလ ၂ ရက်နေ့က ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် က AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နိုင် ငံရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်ဆွေးနွေးဖို့ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့တာကြောင့် ဒေါ်ခင်စောေ၀ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ခွင့်မပြုတာဖြစ်ကြောင်း ဒေါ်ခင်စောေ၀ က ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။