ပြည်သူကို အသိပေးမယ်လို့ စီမံကိန်း ဒုဝန်ကြီးပြောဆို

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖံ့ွဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အစိုးရရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ကို နှစ်စဉ်အစီရင်ခံ တင်ပြမှာဖြစ်သလို ပြည်သူတွေကိုလည်း ထုတ်ပြန်အသိပေး မယ်လို့ မနေ့ကပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖံ့ွဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အစိုးရရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး  ပြည်ထောင်စု လွှတ်တော်ကို နှစ်စဉ် အစီရင်ခံ တင်ပြမှာဖြစ်သလို ပြည်သူတွေကိုလည်း ထုတ်ပြန်အသိပေးမယ်လို့ မနေ့ကပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က အဲဒီ အခြေအနေတွေနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတော်ရဲ့ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကောင်အထည်ဖော်မှုတွေကို ထင်ဟပ်ဖော်ပြတဲ့ အမျိုးသားစီမံကိန်း နှစ်ပတ် လည် အစီရင်ခံစာများကို ဘဏ္ဍနှစ်များအလိုက် ပြုစုတင်ပြပြီး ပြည်သူသို့ နှစ်စဉ်ထုတ်ပြန်သွား မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်”

ပြည်သူ့ဘဏ္ဍာငွေတွေ အသုံးပြုနေရတဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို တိုင်းပြည်ကို ချပြသင့်တယ်လို့ ယူဆတာကြောင့် လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org