လွှတ်တော်ရုံးအတွင်း ဓါးထိုးမှုဖြစ်
ပြည်သူ့လွှတ်တော် အဆောက်အအုံ အတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန် ထမ်းတစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံ ခဲ့ရပါတယ်။
-
2016-10-05 -
-
-
ပြည်သူ့လွှတ်တော်အဆောက်အအုံကို အောက်တိုဘာလ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင် လာရောက်စစ်ဆေးစဉ်
Photo: Wun Naung Toe/ RFA
ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန်ထမ်း တစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံခဲ့ရပါတယ်။
ဓါးထိုးခံရသူ အမျိုးသမီးဟာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဖုန်းအရောင်း အဝယ်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အိမ်သုံးဓားနဲ့ထိုးတာ ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။
ဓားထိုးခံရသူအမျိုးသမီးရဲ့ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်းလည်း ရဲမှူးဆန်းအောင် က ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးက ရုံးအကူဝန်ထမ်းအမျိုးသမီးထံကနေ ဖုန်းဟန်း ဆက်ဖိုး အကြွေးတောင်းရာမှာ ရုံးအကူ အမျိုးသမီးက လက်ထောက် ညွှန်ကြားရေးမှူးရဲ့ နောက်ကျောကို ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။