လှေစီးရွှေ့ပြောင်းသူတွေအရေး ဦးလှဆွေရဲ့ အရေးကြီးအဆို လွှတ်တော်ဆွေးနွေးမည်

မြန်မာနိုင်ငံအတွင်းရောက်ရှိနေတဲ့ လှေစီး ဒုက္ခသည်တွေကို အစိုးရအနေနဲ့ သေချာ တဲ့မူဝါဒချမှတ်ပြီး အရေးယူဆောင်ရွက်သွားဖို့ တိုက် တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလှေစီးဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA

မြန်မာနိုင်ငံအတွင်းရောက်ရှိနေတဲ့ လှေစီးဒုက္ခသည်တွေကို အစိုးရအနေနဲ့ သေချာတဲ့မူဝါဒချမှတ်ပြီး အရေးယူဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဒီနေ့လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ရက်သတ်မှတ်ပြီး သတ်မှတ်ရက်အတွင်း မူလနိုင်ငံပြန်ပို့ဖို့ ဆိုတဲ့အချက်အပါအဝင် အကြံပြုချက်သုံးချက်နဲ့ ဒီအဆိုကို တင်သွင်းတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

"စထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာ ဘယ်နှစ်ရက်ကြာမှာလဲ၊ ၁၅ ရက်လား ၁ လလား၊ အဲ့လိုရက်သတ်မှတ်ပြီးတော့ အဲ့လိုသတ်မှတ်တဲ့ရက်အတွင်းမှာ အပြတ်လုပ်ရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြာလာလေ အန္တရာယ်ရှိလေပဲ၊ ကြာရင် ရိုဟင်ဂျာဖြစ်သွားမယ်၊ ဒုတိယအချက်က သူတို့ကို တွေ့ရှိတဲ့ပင်လယ်ပြင်မှာပဲ တခါတည်းပဏာမ စစ်ဆေးပြီး ဘယ်လိုတိုင်းပြည်ကပါဆိုတာ အဖြေပေါ်ပြီဆိုတာနဲ့ လာတဲ့တိုင်းပြည်ကို ပြန်ကြပေတော့၊ စားနပ် ရိက္ခာထောက်ပံ့ပြီးတော့ သူတို့ရဲ့ရေပိုင်နက်အထိ အစောင့်အရှောက်နဲ့ လိုက်ပို့မယ်၊ တတိယနည်းလမ်းကတော့ အမေရိကန် မက်ဆီကိုနယ်စပ်မှာ ဝင်လာတဲ့ မက်ဆီကိုတွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် တားဆီးတာကို ကျနော်တို့တွေနိုင်တာပေါ့နော်၊ အဲ့ပုံစံအတိုင်းရှင်းရင်လည်း ရနိုင်တဲ့ပုံစံတစ်ခုပဲ"

အဲဒီအဆိုကို ဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူ ၅ ဦးသာ ရှိခဲ့တဲ့အတွက် အဆိုကိုလွှတ်တော်မှာ ဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို မကြာခင်ရက်ပိုင်းအတွင်းမှာ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အစိုးရက ပြီးခဲ့တဲ့ မေလ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဝင်ရောက်လာခဲ့ တဲ့ လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ကယ်ဆယ်ထားပြီး မေလ ၂၉ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာလည်း နောက်ထပ် လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို ကယ်တင်ထားတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org