ခိုထောင်းကျွန်းအမှု သက်သေတွေအတွက် အမျိုးသားလွှတ်တော် ကူညီမည်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး အတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး ၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေး မှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိ သူတွေက ဒီနေ့ ပြောပါတယ်။

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာ နှစ်ဦးကို တွေ့ရစဉ် www.thairath.co.th

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး ၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေး မှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိ သူတွေက ဒီနေ့ ပြောပါတယ်။

ကမာရွတ်မြို့နယ်က ရန်ကုန်လွှတ်တော်ရုံးခွဲမှာ အမျိုးသားလွှတ်တော် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်နဲ့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေ တွေ့ဆုံရာမှာ အခုလိုသဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"တကယ်တန်ဖိုးရှိတဲ့ သက်သေဖြစ်ခဲ့ရင် အလဲအထပ်လုပ်ပေးဖို့ကိစ္စ၊ လုံခြုံရေး၊ စားဝတ်နေရေး ကူညီဖို့ကိစ္စကိုလည်း ပံ့ပိုးဆောင်ရွက်ပေးပါ့မယ်၊ ဥပဒေအရ ပံ့ပိုးမယ့်ကိစ္စကိုလည်း သူတို့အချိန်အားရင်အားသလို ကျနော်တို့ချက်ချင်း အကြောင်းကြားတာနဲ့ လာခဲ့ပါ့မယ်၊ လွှတ်တော်အနေနဲ့ လိုအပ်တဲ့ငွေတွေကို ပံ့ပိုးပေးမယ်ဆိုတဲ့စကားရခဲ့တယ်"

တွေ့ဆုံပွဲကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဘက်က သက်သေထွက်ဆိုပေးနိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရှိပေမဲ့ ထိုင်းအစိုးရနဲ့ ရဲတပ်ဖွဲ့ကို ကြောက်တဲ့အတွက် သက်သေအဖြစ် မလိုက်ရဲကြဘူးလို့ အထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေက ဆိုပါတယ်။

ဒီလ ၂၆ ရက်နေ့မှာ သူတို့ ၂ ဦးအမှုကို Koh Samui ခရိုင်တရားရုံးမှာ နှစ်ဖက်သက်သေတွေကို စစ်ဆေးမှာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေရဲ့ မိဘတွေကိုလဲ ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org