ဦးပါမောက္ခကို ပထမဆုံးအကြိမ် ရုံးထုတ်
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံ ထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ကို အာမခံပေးပေမယ့် ပုဒ်မ ၅၀၅ (ခ) အမှုကို အာမခံ မပေးခဲ့ဘူးလို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင် က ပြောပါတယ်။
-
2017-11-14 -
-
-
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် ခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ကို အာမခံပေးပေမယ့် ပုဒ်မ ၅၀၅ (ခ) အမှုကို အာမခံ မပေးခဲ့ဘူးလို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင် က ပြောပါတယ်။
ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ အာမခံရရှိဖို့ ခရိုင်တရားရုံးအထိ ဆက်လက်တင်ပြသွားမယ်လို့ ဦးအောင်မြိုင်က ဒီကနေ့ ဆရာတော် ဦးပါမောက္ခ ရုံးထုတ်အပြီးမှာ ပြောပါတယ်။
"ဒီကနေ့ ဆရာတော်ကိုယ်စားဆောင်ရွက်တဲ့ ရှေ့နေများက ဒါ အာမခံလျောက်တယ်ပေါ့။ ၁၉ အတွက်ရော ဆယ်သိန်းတန် အာမခံ နှစ်ယောက်နဲ့ ခွင့်ပြုပါတယ်။ ၅၀၅ (ခ) ကိုတော့ ရာဇသတ်ကြီး ပြန်ထုတ်ဥပဒေ နောက်ဆက်တွဲအရ အာမခံပေးခွင့်မရတဲ့ပုဒ်မဖြစ်လို့ အာမခံမပေးနိုင်ပါဘူးလို့ တရားသူကြီးက ဆုံးဖြတ် ပါတယ်။ ခရိုင်၊ တိုင်းကို ဆက်လက်ဆောင်ရွက်တဲ့ကိစ္စမှာ အလွယ်တကူဖြစ်အောင် တရားသူကြီးက ကူညီနိုင်ပါတယ်။ တခါတည်း မိတ္တူကူးပါလို့လည်း ဖွင့်ပြောပြီးတော့ ကူညီပေးတာကို တွေ့ရပါတယ်"
ဦးပါမောက္ခကို ဒီလ ၁၂ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။
လယ်သမားတစ်ဦး မြေသိမ်းခံရတာနဲ့ ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ရဲစခန်းမှာ ဆန္ဒပြခွင့်လျှောက်ထားတာကို ဆရာတော်က လိုက်ပါကူညီရင်း ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဦးပါမောက္ခဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြ ခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲဆိုပြီး တရားရုံးကို ကြွရောက်ခြင်း မရှိတာကြောင့် ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
အဲဒီဆန္ဒပြမှုကြောင့် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများသမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဦးဉာဏဓမ္မ တို့ကို လည်း ကမာရွတ်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။