နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဦးရေဟာ နည်းပါးတဲ့အတွက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ကြတဲ့ ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသားပါတီ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ မေလ ၂၆ ရက်နေ့က ပေးပို့လိုက်ကြပါတယ်။

အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ မေလ ၁၇ ရက်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွှတ်ပေးလိုက်သော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

အခု လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခင်းအကျင်းအရ အမျိုးသား ရင်ကြားစေ့ရေး အခွင့်အလမ်းကို မှေးမှိန်အားနည်းသွားစေမဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်စရာရှိတဲ့အတွက် အခုလို စာရေးသားတိုက်တွန်းရတာ ဖြစ်တယ်လို့ ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီမိတ်ဆွေများ ပါတီ ၁၁ ခုရဲ့ သမ္မတထံ ပေးစာနဲ့ ပတ်သက်လို့ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီအင်အားစုရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org