ဦးဝင်းတင် နိုင်ငံကူး လက်မှတ် နေ့ချင်းပြီးရရှိ
NLD နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ပြည်ပမှာ ဆေးသွားကုဖို့ အတွက် နိုင်ငံကူးလက်မှတ် Passport ကို မနေ့က နေ့ချင်းပြီး ရရှိခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
-
2014-04-19 -
-
-
စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
NLD နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ပြည်ပမှာ ဆေးသွားကုဖို့ အတွက် နိုင်ငံကူးလက်မှတ် Passport ကို မနေ့က နေ့ချင်းပြီး ရရှိခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
ဆရာဝန်ကြီးတွေရဲ့ ခွင့်ပြုချက်ရရင် ပြည်ပမှာ သွားရောက် ဆေးကုဖို့အတွက် Passport အဆင်သင့်ဖြစ်အောင်သာ ကြိုတင်လုပ်ထားတာသာ ဖြစ်တယ်လို့ ဆရာ ဦးဝင်းတင်ရဲ့ မိသားစုဝင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်နိုင်က ပြောပါတယ်။
" ပတ်စပို့(စ်) ကတော့ မနေ့က ညနေက ရတယ်၊ ခုထက်ထိ ဘဘက စိတ်ချရတဲ့ အနေအထားမှာ လုံးဝ မရှိသေးဘူး၊ လက်ရှိ ဘဘရဲ့ အနေအထားက သွားလို့ မရသေးတာပါ၊ ပတ်စပို့(စ်) လုပ်တာက နေ့လည် ၁၂ နာရီမှာလုပ်တာ ည ၈ နာရီမှာ ရပါတယ်ခင်ဗျ"
မနေ့ကနဲ့ဒီနေ့မှာ ဆရာဝန်တွေက ကျောက်ကပ်ဆေးပေးခဲ့ပြီး လက်ရှိအခြေအနေမှာ စိတ်ချရတဲ့အနေအထား မရှိသေးဘူးလို့ ဆရာဝန်ကြီးတွေက ပြောကြောင်းလည်း သိရပါတယ်။