အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ

သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။

မနေ့က ဖေဖေါ်ဝါရီ ၂ရက် မနက်ပိုင်းမှာ အမဲ၊ ဝက်၊ ဆိတ်စတဲ့ အသားဈေးနှုန်း ကျဆင်းရေးအတွက် ပုသိမ်မြို့ အသည်ကြီး ကုလားတန်းမှာ နေထိုင်တဲ့သူတွေ အပါအဝင် ၁၆ ဦးက ဆန္ဒပြလို့ သူတို့အထဲက ၁၄ ဦးကို ပုသိမ် ခရိုင်ရဲမင်းကြီးရုံးက ဖမ်းဆီးခဲ့တာပါ။ တစ်ညလုံး စစ်ချက်ယူပြီး အာမခံနဲ့ ပြန်လွတ်ခဲ့တယ်လို့ အဖမ်းခံရသူ ကိုမိုးဇော်က ပြောပါတယ်။

အခုစွဲဆိုထားတဲ့ တာဝန် ဝတ္တရားနှောင့်ယှက်မူပုဒ်မ ၃၅၃ ဟာ ထောင်ဒဏ်၂ နှစ၊် ဒဏ်ငွေ ကျပ်နှစ်သိန်းအထိ အပြစ်ဒဏ်ပေးနိုင်တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ “ဝယ်ဈေး ၁၇၀၀၊ ရောင်းဈေး ၅၅၀၀၊ လုပ်သားပြည်သူများ မစားနိုင်၊ ဈေးနှုန်းလျှော့ချပေး” ဆိုတဲ့ စာသားပါ ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org