ပုသိမ်သူ (၁၁) ရေယာဉ် တိမ်းမှောက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကအထွက် ကံဆိပ်ရွာအနီး မနေ့ မွန်းလွဲပိုင်းက ပုသိမ်သူ (၁၁) ရေယာဉ် တိမ်းမှောက်မှုကြောင့် အခုချိန်ထိ သေဆုံးသူပေါင်း ( ၆ ) ဦး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ၊ အမျိုးသမီးအလောင်း (၄) လောင်းကို ထပ်မံဆယ်ယူ ရရှိခဲ့တယ်လို့ သိရပါတယ်။

အလျားပေ(၁၂၀) ရှိတဲ့ ပုသိမ်သူ(၁၁) ရေယာဉ်ဟာ ပုသိမ်နဲ့ သရက်တောကြား ပြေးဆွဲနေတဲ့ ရေယာဉ်ဖြစ်ပြီး၊ ရေယာဉ်ကို တဖက်လှည့်ချိန်မှာ ကမ်းနဲ့ဲငြိပြီး တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။

တိမ်းမှောက်ချိန်မှာ လူ( ၉၀)ကျော် စီးနင်းလိုက်ပါသွားတာဖြစ်ပြီး၊ အခုချိန်ထိ (၁၅) ဦး ပျောက်ဆုံးနေတယ်ဆိုတာ အတည်ပြုနိုင်ကြောင်းနဲ့ ကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org