ပေါင်မြို့နယ်မှာ လေဆင်နှာမောင်းကြောင့် အိမ် ၁၀၀ နီးပါး ပျက်စီး

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ မေလ ၂၄ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က လေဆင်နှာမောင်း တိုက်ခိုက်ခံရလို့ အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့မှာ တွေ့ရစဉ် ဓါတ်ပုံ- ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ မေလ ၂၄ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီ လောက်က လေဆင်နှာမောင်း တိုက်ခိုက်ခံရလို့ အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အလှပ်ကျေးရွာထဲက ဒေသခံတွေဟာ ဘေးလွတ်ရာကို ခေတ္တရွှေ့ပြောင်း နေရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသိန်းက RFA ကို ပြောပါတယ်။

"ဝီး ဆိုပြီး အသံကြီးနဲ့ အရင်လာတာ၊ ပြီးမှ လေပါလာတာ၊ တိုက်တဲ့အချိန်က မိနစ် ၄၀ လောက်ပဲ ကြာတယ်၊ အိမ် ငါးလုံးကတော့ အစရှာမရအောင် တော်တော်ပျက်စီးတယ်၊ အမိုးလန် ထရံကွာကျတာ။ ခေါင်မိုး ကျွံကျတဲ့အိမ် တော့ ၁၀၀ နီးပါး၊ ရွာတစ်ရွာလုံးပဲ။ ထိခိုက်ဒဏ်ရာကြီးကြီးမားမား ရတဲ့သူတော့ မရှိပါဘူး"

အလှပ်ကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁၅၀ နီးပါးရှိပြီး လေဆင်နှာမောင်းဒဏ်ကြောင့် အိမ် ၁၀၀ နီးပါး ပျက်စီးခဲ့ပေမယ့် လူတွေထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က မုန်တိုင်းငယ်တိုက်ခတ်တဲ့ အရှိန်ကြောင့် မွန်ပြည်နယ်အတွင်းက ပေါင်၊ မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်နဲ့ မုတ္တမတို့မှာ လူနေအိမ်၊ စာသင်ကျောင်းနဲ့ တခြား အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org