မန္တလေးမြို့မှာ နှစ်ရက်အတွင်း ဆယ်ဦးထက်မနည်း အဖမ်းခံရ
မန္တလေးမြို့မှာ ဧပြီလ ၈ ရက် နဲ့ ဒီကနေ့ ၉ ရက် နှစ်ရက်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေက အဖွဲ့ဝင် ဆယ်ဦးထက်မနည်း အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-04-09
-
-
-
မန္တလေးမြို့မှာ ဧပြီလ ၈ ရက် နဲ့ ဒီကနေ့ ၉ ရက် နှစ်ရက်အတွင်း တော်လှန်ရေးအဖွဲ့အစည်း တွေက အဖွဲ့ဝင် ဆယ်ဦးထက်မနည်း အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါ တယ်။
သူတို့ရှိတဲ့နေအိမ်တွေအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းခဲ့တာလို့ အဖမ်းခံ ရသူတွေနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
“မနေ့ညကလည်း တော်လှန်ရေးအဖွဲ့ထဲက နှစ်ယောက် အိမ်ထိလာဖမ်းသွားတယ်။ ဒီနေ့လည်း ပုသိမ်ကြီးမြို့နယ်ထဲ ဝင်ဖမ်းနေတယ်။ ဒီရက်ပိုင်း အဖမ်းခံရတာတွ ခပ်စိတ်စိတ်ဖြစ်နေတာ၊ သူတို့ကလည်း သင်္ကြန်အမှီ တော်လှန်ရေးအဖွဲ့တွေကို ရှင်းနေတာနေမှာ၊ အခုကတော့ ကြိုသိလိုက်ရတဲ့ တော်လှန်ရေးသမားတွေ လုံခြုံရာနေရာ ရှောင်နေကြပါပြီ“
အဖမ်းခံရသူတွေရဲ့ နာမည်တွေကို သိထားပေမယ့် လက်ရှိလုံခြုံရေးအရ ထုတ်ဖော်မပြော နိုင်သေးဘူးလို့ ဆိုပါတယ်။
အောင်မြေသာစံမြို့နယ်က ကက်သလစ်ကာသီဒြယ် ခရစ်ယာန်ဘုရားကျောင်းကိုလည်း ဧပြီလ ၈ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မန္တလေးအခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်က လူငယ်နှစ်ယောက် လက်နက်တွေနဲ့ အဖမ်းခံခဲ့ရပြီး သူတို့ နှစ်ဦးဟာ အဲဒီ ခရစ်ယာန်ဘုရားကျောင်းနဲ့ စပ်ဆက်လို့ ဝင်ရောက်ရှာဖွေတာဖြစ်နိုင် တယ်လို့ မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျုံးဘေးပတ်လည်က လမ်းအချို့ ပိတ်ထားသလို မြို့တွင်းမှာလည်း စစ်ကောင်စီယာဉ်တန်းတွေနဲ့ လုံခြုံရေး လှည့်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၈ ရက် မနေ့ကလည်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရုံး ရဲကင်းကို လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်သားတွေဟာ လူငယ်သုံးယောက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။