KNU နဲ့ ငြိမ်းချမ်းရေးကော်မရှင် အလွတ်သဘောတေ့ွဆုံ
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ အလွတ်သဘော ဆွေးနွေးပွဲကတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံးသွားနိုင်ဖို့အတွက် တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
-
2019-01-13 -
-
-
Your browser doesn’t support HTML5 audio
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ အလွတ်သဘော ဆွေးနွေးပွဲကတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံးသွားနိုင်ဖို့အတွက် တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU နှစ်ဖက်ခေါင်းဆောင်တွေ လေးနာရီကြာ အလွတ်သဘော တေ့ွဆုံဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ဦးဇော်ဌေး က ပြောခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU က ပဒိုစောတာဒိုမူး ဦးဆောင်ပြီး ဗိုလ်မှူးကြီး တူးတူးလေး၊ ပဒိုစောတောနီး၊ နော်မေဦး၊ စောဘောဘိုး၊ စောအယ်ဒိုစိုးတို့ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့အတူ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။