မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နဲ့တွေ့ဆုံပွဲ ပျက်သွားတဲ့ အကြောင်း ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ရှင်းလင်း
အကျိုးစီးပွားတွေ၊ ပြဿနာတွေ မတူညီ တာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ တစ်ဖွဲ့ ချင်း တေ့ွဆုံဖို့ စီစဉ်တာဖြစ်တယ်လို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တေ့ွဆုံပွဲ ပျက်သွားတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဒီနေ့ ပြောပါတယ်။
-
2016-12-03 -
-
-
အကျိုးစီးပွားတွေ၊ ပြဿနာတွေ မတူညီတာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်း တေ့ွဆုံဖို့ စီစဉ်တာဖြစ်တယ်လို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တေ့ွဆုံပွဲ ပျက်သွားတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဒီနေ့ ပြောပါတယ်။
တွေ့ဆုံပွဲပျက်သွားတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောတာဖြစ်ပါတယ်။
"ကျနော်တို့ တရုတ်ကိုယ်စားလှယ်အနေနဲ့ တရုတ်ပြည်ကစီစဉ်ပေးထားတာက ၁၄ နာရီမှ KIA နဲ့ တွေ့ဖို့ဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့က သူတို့ရောက်လာမှ သူတို့နဲ့ တွေ့မယ်၊ ကျနော်တို့နဲ့ ကတော့ ၁၀ နာရီမှာ တွေ့ပါမယ်လို့ ပြောတာကို သူတို့က ကိုးကန့်အဖွဲ့ကတော့ သူတို့အနေနဲ့ တစ်ဖွဲ့ခြင်းမတွေ့ချင်ဘူး၊ အားလုံးပေါင်းပြီး တွေ့မယ်လို့ အဆိုပြုပါတယ်၊ ကျနော်တို့ကတော့ အကျိုးစီးပွားတွေလည်းမတူဘူး၊ ပြဿ နာတွေလည်း မတူတာကြောင့် တစ်ဖွဲ့ခြင်းဆွေးနွေးပါမယ်၊ KIA နဲ့မတွေ့တာ ကျနော်တို့မတွေ့တာမဟုတ် ဘူး၊ သူတို့က တွေ့ဖို့အစီအစဉ်မရှိပါဘူးတဲ့၊ သူတို့က ဝအဖွဲ့နဲ့ပဲ တွေ့ဖို့ရှိတာလို့ ကျနော်တို့ကို စပြီးငြင်းပါတယ်"
မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအနေနဲ့ တပ်မတော် စစ်စခန်းရှိတဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေ တာတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ဦးခင်ဇော်ဦးက ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုးနဲ့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးတို့ ပါဝင်ပါတယ်။
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းကော်မရှင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA ၊ TNLA ၊AA အဖွဲ့တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူမင်းမြို့ ကို ဖိတ်ခေါ်ခဲ့ပေမယ့် ကော်မရှင်ဖက်က တစ်ဖွဲ့ချင်းစီနဲ့သာ သီးခြားတွေ့ဆုံလိုပြီး အစုအဖဲ့ွလိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA , TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံမှာဖြစ်တဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေဘဲ တွေ့ဆုံပွဲပျက်သွား တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ ပါဝင်နိုင်ရေးအတွက် မြန်မာ့တပ်မတော်ကို တိုက်တွန်းပေးဖို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က တရုတ်အစိုးရထံ တောင်းဆိုထားပါတယ်။