ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဝ၊ မိုင်းလား အဖွဲ့တွေနဲ့ တွေ့ဆုံမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA အဖွဲ့တွေနဲ့ ဒီလထဲမှာ သွားရောက် တွေ့ဆုံ ဖို့ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး ကို တွေ့ရစဉ် Photo: Htet Arkar/RFA

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ  ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်  UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA အဖွဲ့တွေနဲ့ ဒီလထဲမှာ သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့  ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

တစ်ဖွဲ့ချင်းအနေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

"တစ်ဖွဲ့ချင်းသော်လည်းကောင်း ဒီလိုပဲ နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ဖြစ် လက်မှတ်ထိုးမယ့်အဖွဲ့တိုးလာနိုင်အောင် ကျနော်တို့က ကြိုးစားသွားမှာပါ၊ အကြမ်းဖျင်းတော့အဲလိုပဲပြောလို့ရပါတယ်၊ ခုနှစ်ဖွဲ့စလုံးနဲ့ အစုအဖွဲ့အနေနဲ့ တွေ့မှာတော့ မဟုတ်ဘူးဗျ’’

တွေ့ဆုံမယ့်နေရာဟာ ဝဒေသ ပန်ဆန်းနဲ့ မိုင်းလားဒေသတို့မှာဖြစ်ပါတယ်။

တွေ့ဆုံမယ့်ရက်ကိုတော့ နှစ်ဖက်အဖွဲ့တွေ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သီတင်းကျွတ်ပြီးရင်တော့ ဆက်လက် စီစဉ်မှာဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။

အခုသွားမယ့်အဖွဲ့ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ကျန်းမာရေး အခြေအနေကြောင့် လိုက်ပါနိုင်မှာ တော့မဟုတ်ဘဲ ဒု-ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်နိုင်ဖွယ်ရှိတယ် လို့လည်း ပြောပါတယ်။

NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို လက်မှတ်ရေးထိုးလာနိုင်ရေး ဆက်လက်ကြိုးပမ်းမှာဖြစ်ကြောင်း၊ လက်မှတ်ထိုးထားပြီးရင်လည်း ၂၁ ရာစု ပင်လုံညီလာခံကနေ နိုင် ငံရေးဆွေးနွေး အဖြေရှာလို့ရနိုင်ကြောင်းလည်း ပြောပါတယ်။

UWSA နဲ့ NDAA တို့ဟာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးဘဲ အခြားနည်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုနေ တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org