ဖွဲ့စည်းပုံမပြင်ရင် ငြိမ်းချမ်းရေး ခက်ခဲနိုင်ကြောင်း ဆွေးနွေး သဘောတူ
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခက်ခဲတယ်ဆိုတဲ့အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတချို့ သဘောတူညီကြကြောင်း ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။
-
2013-09-14 -

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေဟာ အပတ်စဉ် တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး ဒီနေ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က RFAကို အခုလို ပြောပါတယ်။
“ဖွဲ့စည်းပုံက ပြင်ရင်လည်းပြင်၊ မပြင်ရင်လည်း အသစ်ရေးပေါ့ဗျာ၊ အဲဒါကတော့ ဆုံးဖြတ်ချက်မကျဘူး၊ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ဆိုတာကတော့ လုံးဝဆက်စပ်တယ်ပေါ့၊ အဲဒါကိုပဲ အဓိကထားပြီး ဆွေးနွေးတာပါ”
လာမယ့် သတင်းပတ်မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတဲ့အချက်ကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေအပြင် ချင်းတိုးတက်ရေးပါတီ၊ တအောင်း ပလောင်အမျိုးသားပါတီ၊ ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ ဝ အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ၊ ရှမ်းနီ အမျိုးသား တိုးတက်ရေးပါတီအစရှိတဲ့ တိုင်းရင်းသားပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။