ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထား ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင် တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
-
2016-12-20 -
-
-
ငြိမ်းချမ်းရေလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာကျင်းပစဉ်
Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
"ဒီနေ့က အဖွဲ့အစည်း တရားဝင်ဖွဲ့စည်းဖြစ်ပါတယ်ခင်ဗျ။ ဖွဲ့စည်းပြီးတဲ့နောက်မှာ အဖွဲ့အစည်းအတွက် လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်ကိုလည်း အတည်ပြုထားပြီးတဲ့အပြင်ကို ဦးစားပေးရမယ့် ကဏ္ဍကြီး ၄ ရပ်ကိုလည်း ဦးစားပေးအဆင့် သတ်မှတ်နိုင်ပါတယ်။"
ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ကူညီထောက်ပံ့ပေးတဲ့ ငွေကြေးတွေကို ထိထိရောက်ရောက် နဲ့ မျှမျှတတသုံးစွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ် ပါတယ်။
နိုင်ငံတကာက အကူအညီပေးတဲ့ ငွေကြေးတွေကို အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေး နွေးပွဲတွေ ကျင်းပရေး၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာရဲ့လုပ်ငန်းတွေမှာ ဦးစားပေးအသုံးပြုဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဘက်က ၈ ဦး၊ အပစ်ရပ်လက်မှတ်ရေးထိုးပြီး လက်နက်ကိုင်အဖွဲ့တွေဘက်က ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး၊ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုယ်စား ဝနဲ့မိုင်းလားအဖွဲ့တွေက ကိုယ်စားလှယ် ၁ ဦးစီနဲ့ ချင်းမိုင်အခြေစိုက် DPN အဖွဲ့က ၂ ဦး စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။