အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ ၁၅ ရက်နေ့ တွေ့မည်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေရရှိဖို့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/RFA

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ရရှိဖို့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"အဓိကကတော့ တာဝန်အရှိဆုံးခေါင်းဆောင်တွေ တက်ရောက်နိုင်ဖို့တော့ နှစ်ဖက်စလုံးကတော့ ဆန္ဒရှိတယ်၊ တာဝန်အရှိဆုံးခေါင်းဆောင်တွေ ညှိနှိုင်းဖြေရှင်းရမယ့် ကိစ္စဖြစ်တဲ့အတွက် ပါဝင်တက်ရောက်နိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပါတယ်နော်၊ တာဝန်အရှိဆုံး ခေါင်းဆောင်တွေကလည်းပဲ နိုင်ငံရေး ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ မူဝါဒတွေ လမ်းညွှန်မှုတွေ ချပြပေးဖို့အတွက် လိုအပ်မှာပါ၊ ဆောင်လည်း ဆောင်ရွက်သင့်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်၊ ဒါကြောင့်လည်း လူကြီးတွေသဘောတူထားတာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ စိန်ခေါ်မှု အခက်အခဲတွေ အမြောက်အမြားရှိနေတဲ့အတွက် ရခိုင်ပြည်နယ် အရေးကိစ္စတစ်ခု တည်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်တာမျိုး မဟုတ်ပါဘူးလို့ ပြောပါတယ်။

ဆုံးဖြတ်ချက်ချနိုင်မယ့် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့  အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က  ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ အကြိုညှိနှိုင်းခဲ့ကြပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ အစိုးရခေါင်းဆောင်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ဘက်ကလည်း ဆုံးဖြတ်ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တက်ရောက်ဖို့မျှော်လင့်ကြောင်း ဦးမျိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် အစိုးရဘက်က အဆိုပြုထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပြန်လည်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org