ငြိမ်းချမ်းရေးဖော်ထုတ်ရေး သဘောတူညီချက်များ သုံးသပ်ဆွေးနွေးပွဲ ပြီးဆုံး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေ ကို ပြန်လည်သုံးသပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အလုပ်ရုံဆွေးနွေးပွဲဟာပြီးဆုံးသွား ပြီ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို ပြန်လည်သုံးသပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)  အလုပ်ရုံဆွေးနွေးပွဲဟာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နေပြည်တော် ရတနာသိင်္ဂဟိုတယ်မှာ နှစ်ရက်တာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အစိုးရကဦးဆောင်ကျင်းပမယ့် ပင်လုံကဲ့သို့ညီလာခံမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေကို ဝင်ရောက်ဆွေးနွေးကြမလဲ ဆိုတာတွေကို အဓိက တိုင်ပင်ဆွေးနွေးဖြစ်ခဲ့တယ်လို့ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်ပီးက RFA ကို ပြောပါတယ်။

"၂၀၁၅ မတိုင်ခင်မှာ ပြည်တွင်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဘယ်လို ကစားမလဲ၊ကိုယ့်အခန်းကဏ္ဍကို ဘယ်လိုဖန်တီးမလဲ ဆိုတာတွေ ဆွေးနွေးဖြစ်တာပါ"

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ လိုလားတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒသဘောထားတွေနဲ့ နိုင်ငံတကာက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အတွေ့အကြုံတွေကိုလည်း လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF) အဖွဲ့ဝင် ၁၅ ပါတီအနက် ၁၃ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချင်းတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org