တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး နိုဝင်ဘာလဆန်း လက်မှတ်ထိုးမည်


2013.09.29
aung-min-305 ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၄၀ နီးပါးလောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့ကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းများအကြောင်း ရှင်းပြစဉ်။
Photo : RFA/ Kyaw Htoon Naing

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၄၀ နီးပါးလောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တာပါ။

ဒီနေ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးဆွေးနွေးပွဲ လုပ်လို့ရှိရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိဖို့လိုတယ်၊ ယုံကြည်မှုရှိဖို့နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပြင်ဆင်ဖို့ လိုတယ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့ အဲ့ဒါတွေ ထည့်သွင်းစဉ်းစားပေးပါဆိုပြီး ဆွေးနွေးခဲ့တယ်၊ ပါတီတွေကို ပြောတယ်ဆိုတာ ပြည်သူတွေကို ပြောတာပဲလေ၊ ပြည်သူကို ချပြတယ် ပြောပြတယ်ဆိုတာ ဒါကောင်းတဲ့ လက္ခဏာတွေ"

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးဖံ့ွဖြိုးတိုးတက်ရေးအတွက် အစိုးရက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။