ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်
ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၃ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။
-
2012-11-26 -
-
-
လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေထဲမှာ အဓိကဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၆ရက်ကနေ ၂၈ရက်နေ့ထိ ၃ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲကို အမှတ်(၂) လျပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိသူတွေ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ အပါအဝင် လူဦးရေ (၂၅ဝ) နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ ဥက္ကဌ ၊ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုကျော်ကျော်အောင် အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |
နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်ကျင်းပတဲ့ ညီလာခံအကြောင်း RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
မဇင်မာဝင်း အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |