ငြိမ်းချမ်းရေး လမ်းလျှောက်သူ တချို့ ဆေးရုံတင်ရ
ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်းလျှောက်တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံ မှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။
-
2013-03-06 -
-
-
ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်းလျှောက်တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်နေတဲ့အဖွဲ့ဟာ မတ်လ ၆ ရက် ဒီကနေ့ဆိုရင် တစ်လခွဲကျော်အကြာမှာ ကချင်ပြည်နယ် မိုးကောင်းမြို့ကို ရောက်ရှိနေပါတယ်။
ရန်ကုန်အဖွဲ့ဟာ မိုးကောင်းမြို့မှာ ဒီကနေ့ည အိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ နမ္မတီးမြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ကစပြီး မြင်းခြံမြို့ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက ချီတက်လာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ဒီကနေ့မှာ မိုးမောက်မြို့နဲ့ မိုင် ၂၀ လောက်ကွာဝေးတဲ့ ကုန်းတောကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာတော့ လိုင်ဇာမြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ကိုသန့်ဇင်စိုးက ပြောပါတယ်။
အဖွဲ့ဝင် ၄၂ ဦးပါဝင်တဲ့ မြင်းခြံအဖွဲ့မှာ အလှူငွေစုစုပေါင်း ကျပ်သိန်း ၁၄၀ နီးပါးရရှိနေပြီး အဲ့ဒီအလှူငွေအားလုံးကို စစ်ဘေး ဒုက္ခသည်စခန်းတွေကို ခွဲဝေလှူဒါန်းသွားမယ်လို့ ပြောပါတယ်။