ပဲခူးရေဘေး ဒုက္ခသည် ၉ ထောင်နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းက ရပ်ကွက် ၈ ခုမှာ မိုးများပြီး ရေကြီးတဲ့ အတွက် နေအိမ် ၂၀၀၀ နီးပါး ရေဘေးသင့်ပြီး လူပေါင်း ၉၀၀၀ နီးပါး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ရေကြီးနေသော ပဲခူးမြို့ကို မြင်ရစဉ် Photo: Zay Latt Facebook

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းက ရပ်ကွက် ၈ ခုမှာ မိုးများပြီး ရေကြီးတဲ့အတွက် နေအိမ် ၂၀၀၀ နီးပါး ရေဘေးသင့်ပြီး လူပေါင်း ၉၀၀၀ နီးပါး ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံaနရတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ် ကျွန်းသာယာ၊ ဇိုင်းဂနိုင်း၊ ကလျာဏီ၊ ဥဿာ စတဲ့ ရပ်ကွက်တွေက ကယ်ဆယ်ရေးစခန်းကို လာရောက်ခိုလှုံနေရသူ စုစုပေါင်း ၈၇၀၀ ကျော်ရှိတယ် လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို ပဲခူး မင်္ဂလာဇေယျုံ၊ သီရိဇေယျာ၊ ကလျာဏီသိမ်တော်၊ စတဲ့ ကျောင်းတိုက်ကြီးတွေနဲ့ အစိုးရအခြေခံပညာကျောင်းတွေမှာ ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ကယ်ဆယ်ထား ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းနဲ့ ပြည်ခရိုင်အပါအဝင် မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် သံတွဲမြိူ့တွေမှာ ကြူံနေရတဲ့ ရေဘေး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org