ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးကြောင်း KNDF ပြော

2021.11.04
ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးကြောင်း KNDF ပြော KNDF တပ်ဖွဲ့ဝင် အချို့ကို တွေ့‌ရစဉ်
Photo: Karenni Nationalities Defense Force-KNDF

ကယားပြည်နယ် ဖယ်ခုံမြို့မှာ နိုဝင်ဘာလ ၃ ရက် မနေ့ကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) အပါအဝင် ဒေသခံကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

နေ့လည် ၁၂ နာရီ ကနေ ညနေ ၅ နာရီကျော် အထိ ခေါင်းအိအုပ်စု လွယ်ဝှဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF)၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ အပါအဝင် မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တဲ့အပြင် အများအပြား ထိခိုက်ဒဏ်ရာရသွားပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး အဖွဲ့ဘက်ကလည်း နှစ်ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၅ နာရီကျော်ကြာတဲ့ အဲဒီတိုက်ပွဲအတွင်း တိုက်ပွဲဖြစ်တဲ့ ရွာဘက်ကို ဖယ်ခုံမြို့ခြေစိုက် အမြှောက်တပ်ရင်း ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း KNDF ကပြောပါတယ်။

နိုဝင်ဘာလ ၄ ရက် ဒီနေ့မနက်ပိုင်း လွယ်ဝှဲရွာကနေ စစ်ကောင်းစီတပ်သားတွေ ပြန်လည်ဆုတ်ခွာသွားပြီး ရွာထဲကနေ အိမ်အချို့ကို မီးရှို့သွားတယ်လို့ KNDF က ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။