လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အကဲဖြတ်အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပေါ် အကဲဖြတ်မှု အမှတ်အရ သုညမှာရှိနေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သတင်းမီဒီယာသမားတွေမှာ အန္တရာယ်ပိုပြီးများလာနိုင်တယ်လို့ ပဲန်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက် ထုတ်ပြန်ခြင်း အခမ်းအနားကို ၂၀၁၉ ဧပြီ ၂ ရက်နေ့ကကျင်းပစဉ် Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပေါ် အကဲဖြတ်မှု အမှတ်အရ သုညမှာရှိနေပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သတင်းမီဒီယာသမားတွေမှာ အန္တရာယ်ပိုပြီးများလာနိုင်တယ်လို့ ပဲန်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ပဲန်မြန်မာအပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့က တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သတင်းမီဒီယာဥပဒေကို ပြင်ဆင်ဖို့၊ သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ ပုဒ်မတွေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း Myanmar Journalist Institute MJI ရဲ့ ဒါရိုက်တာ ဦးကျော်မင်းဆွေ က ပြောပါတယ်။

ဒီမိုကရေစီ အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ဟောပြောခွင့်တွေပါ ကျဆင်းနေတယ်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ အသံအဖွဲ့က ကိုရဲဝေဖြိုးအောင် က ပြောပါတယ်။

ပဲန်မြန်မာက ဦးဆောင်ပြီး ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချိန်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ ၂၀၁၈ ခုနှစ်အတွင်း အနည်းဆုံးဖြစ်နေတယ်လို့လည်း PCMJ က မလှလှဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်မှု ထုတ်ပြန်ချက်တွေကို နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုပါ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org