လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
`ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကြား သွေးစည်း ညီညွတ်မှု ခိုင်မာဖို့ အတွက်ကတော့ အဖွဲ့ဝင်တွေ ကိုယ်တိုင်က ကြိုးစားရမှာ ဖြစ်ပါတယ်၊ ကိုယ်တိုင် ညီညွတ်ချင်တဲ့ ဆန္ဒ မရှိလို့ကတော့ ညီညွတ်ရေး တရား ဟောလည်းပဲ အချည်းနှီး ဖြစ်မှာပါ။ ...
-
2011-07-05 -
-
-
အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ် မေလ ၁၉ ရက်နေ့က သတင်းဌာနများနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
RFA
မညီညွတ်လို့ ရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ကိုယ့်တိုင်းပြည် ပိုလို့ပိုလို့ ဒုက္ခရောက်မယ် ဆိုတာကိုတော့ သတိရစေချင် ပါတယ်`…… `နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူနဲ့ ထိတွေ့မှု ရှိဖို့ လိုပါတယ်။
ဒါ့ကြောင့် ရန်ကုန်မှာပဲ ထိုင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ့်အဖွဲ့ရဲ့ လုပ်ငန်းတွေကိုလည်း သင့်တင့်သလို ကြည့်ရှု လေ့လာဖို့ လိုပါတယ်။ ဒီအကြောင်းတွေကြောင့် နယ်ခရီး ထွက်ဖို့ စီစဉ်တာပါ` လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်မြို့က ကျောင်းသား ကိုလေးမော်၊ ပဲခူးမြို့က လယ်သမား ကိုကျော်ကျော် ၊ တာချီလိတ်က ကိုဖိုးသာအောင်၊ အမေရိကန် ပြည်ထောင်စုက ဒေါ်ခင်စန်းနွယ်နဲ့ Mrs. Ann Soe၊ ထိုင်းနိုင်ငံက မမွန်းနေလီ ၊ ဂျပန်နိုင်ငံက ကိုဟန်ဝင်းထွန်းနဲ့ ပြင်သစ်နိုင်ငံက ကိုမျိုးသူရိန်တို့ (၈) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ် ဖြေကြားထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |