၂ဝ၁၆ ပြည်သူ့ဂုဏ်ရည်ဆု ပင်းတယ ဖန်မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ရရှိ
ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်တဲ့ ၂ဝ၁၆ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု ကို ပင်းတယ ဖန်မီးအိမ်ရှင် ပရဟိတဆရာဝန် ဒေါက်တာ သန်းမင်းထွဋ် က ရရှိပြီး အထူးဆုရှင်တွေအဖြစ် မြန်မာ ပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် ဒေါ်ခင်မမမျိုးတို့က ရရှိခဲ့ပါတယ်။
-
2016-05-22 -
-
-
Your browser doesn’t support HTML5 audio
ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ပင်းတယ ဖန်မီးအိမ်ရှင် ပရဟိတဆရာဝန် ဒေါက်တာသန်းမင်းထွဋ်က ရရှိပြီး အထူးဆုရှင်တွေအဖြစ် မြန်မာပုံပြောသူများအဖွဲ့၊ ပန်းရဲ့လမ်းအဖွဲ့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ဒေါ်ခင်မမမျိုးတို့က ရရှိခဲ့ပါတယ်။
ကလေးတွေကို ရိုးရာပုံပြင်တွေ ပြောတာ၊ ပုံပြင်ပြောနည်းတွေ ဆရာ၊ ဆရာမတွေကို ပြန်ပို့ချပေးတာတွေ လုပ်နေတာကနေ အခုလိုဂုဏ်ပြုခံရတဲ့အတွက် ဝမ်းသာတယ်လို့ အထူးဆုရှင်အဖြစ် ရွေးချယ်ခံရတဲ့ မြန်မာ ပုံပြောသူများအဖွဲ့ဝင် မချမ်းငြိမ်းဖြူက ပြောပါတယ်။
"ကလေးတွေကို ပုံပြောတယ်၊ ဆရာ၊ ဆရာမတွေကို ကလေးတွေကို စာသင်တဲ့အခါမှာ ပုံပြင်ပြောနည်းတွေ ကို ပြန်ပို့ချပေးတယ်၊ လူငယ်လှုပ်ရှားမှုတွေမှာပါတယ်၊ လူငယ်ကွန်ရက်တွေနဲ့ ပေါင်းပြီးတော့အလုပ် လုပ်တယ်၊ ဆုရတော့ အရမ်းဝမ်းသာတယ်"
ဂုဏ်ပြုဆုရွေးချယ်ပွဲအခမ်းအနားကို မနေ့က အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာပုံပြောသူများအဖွဲ့ဟာ ပုံပြင်တွေကို ချစ်တဲ့လူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ရိုးရာပုံပြင်တွေ၊ အသိပညာပေးပုံပြင်တွေကို မိဘမဲ့ကလေးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ပရဟိတဂေဟာတွေက သရုပ်ဖော်ပြီး ပုံပြောခဲ့တာဆိုရင် ၇ နှစ်ရှိပြီဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာပြည်တွင်းမှာ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေ ကို ပြည်ရောက်မြန်မာမိသားစုတွေ စုပေါင်းပြီး ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ဆုကြေးတွေကတော့ ပြည်သူ့ ဂုဏ်ရည်ဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း၊ အထူးဆုအတွက် ဒေါ်လာတစ်ထောင်စီကို ချီးမြှင့် တာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါက်တာသန်းမင်းထွဋ်နဲ့ RFA ဆက်သွယ်မေးမြန်းချက်ကို တဆက်တည်း နားဆင်နိုင် ပါတယ်။