တော်လှန်ရေးအင်အားစုတွေကို ဆက်လက်ကူညီမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပြော

တော်လှန်ရေးအင်အားစုတွေကို ဆက်ကူမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA အပါအဝင် ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က တော်လှန်ရေးမှာပါဝင်နေကြသူတွေကို အတက်နိုင်ဆုံး ဆက်လက်ကူညီသွားမယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှစ်နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောလိုက်ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ (ဓာတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာကျရောက်တဲ့ ကော်မတီနှစ်နှစ်ပြည့်ထံ ညီနောင်မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ လူထုဟာ အကြမ်းမဖက်တဲ့နည်းနဲ့ နေ့စဉ်မပြတ်ဆန္ဒဖော်ထုတ်ပြီး တာဝန်ကျေပွန်နေတယ်လို့ ထည့်သွင်းပြောထားပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ (ဓာတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

AA၊ MNDAA နဲ့ TNLA မဟာမိတ်ညီနောင်သုံးဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒနဲ့ မျှော်မှန်းချက်တွေကို အမြဲလေးစားအသိအမှတ်ပြုပြီးဘုံရပ်တည်ချက်၊ ရည်မှန်းချက်တူသူတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် သပိတ်အင်အားစုအသီးသီးကလည်း ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ (ဓာတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

မုံရွာလူထုသပိတ်ကော်မတီကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နှစ်နှစ်ပြည့်နေ့မှာ ချောင်ဦးမြို့နယ်အတွင်းက ကျေးရွာတစ်ခုမှာ ရာနဲ့ချီတဲ့ဒေသခံတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ကျင်းပခဲ့ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ (ဓာတ်ပုံ-မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

လူထုလှုပ်ရှားမှုဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက အနာဂတ်မှာ နေချင်စရာကောင်းတဲ့ နိုင်ငံကိုမျိုးဆက်သစ်တွေ လက်ထဲ ရောက်အောင် ဆောင်ရွက်မှာဖြစ်ပြီး မုံရွာလူထုကိုလည်း အားကိုးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ပေးပို့တဲ့ ရုပ်သံမှတ်တမ်းမှာ ပြောလိုက်ပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org