ဖားကန့်ဒေသခံတွေ အခွင့်အရေးဆုံးရှုံးမှု ကာကွယ်ပေးဖို့ တောင်းဆို

ကချင်ပြည်နယ် ဖားကန့်ဒေသ မုန်းနောင်ခေါင် ဥရုဒေသမှာ အခြေချနေထိုင်သူတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရူံးမှုတွေ ကာကွယ်ပေးနိုင်ဖို့ ဒီနေ့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့မှာ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ဖားကန့်မြို့ မှော်ဝမ်း ကျောက်တိုင်မှာ ၂ဝ၁၉ သြဂုတ် ၉ ရက်နေ့က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို တွေ့ရစဉ် Photo: Elizabeth/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသ မုန်းနောင်ခေါင် ဥရုဒေသမှာ အခြေချနေထိုင်သူတွေကြောင့် ဌာနေတိုင်းရင်းသားတွေ ရဲ့ အခွင့်အရေး နစ်နာဆုံးရူံးမှုတွေ ကာကွယ်ပေးနိုင်ဖို့ ဒီနေ့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသား များနေ့မှာ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

အဲဒီအခမ်းအနားကို ဒီကနေ့ ဖားကန့်မြို့ မှော်ဝမ်း ကျောက်တိုင်မှာ ဒို့မြေ၊ ဒို့အသက် ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒေသခံ ၇၀၀ ခန့် ပါဝင်ပြီး ပထမဆုံး ကျင်းပခဲ့တာပါ။

ဖားကန့်ဒေသမှာ ရွှေ့ပြောင်းအလုပ်သမားတွေ များလာတာကြောင့် ဒေသခံတွေအတွက် မြေနေရာ၊ အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သယံဇာတတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သဘာဝအရင်းအမြစ်တွေ၊ ဂေဟစနစ်တွေ သစ်တောတွေ စိုက်ပျိုးမြေတွေကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ဥပဒေအတိုင်းဆောင်ရွက်ပေးဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိနေရပ်ကို ပြန်သွားဖို့ လိုလားတယ်လို့ ဖားကန့်ဒေသခံ ဦးလမောင်လတောင် က ပြောပါတယ်။

ဖားကန့်ဒေသမှာ ဌာနေဒေသခံ လူဦးရေ ထောင်ဂဏန်းသာရှိပြီး ရခိုင်၊ ဗမာ၊ တရုတ် အစရှိတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေက သိန်းဂဏန်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုန်းနောင်ခေါင် ဥရုဒေသ ဌာနေသားတွေဟာ ဖားကန့်ဒေသမှာ ၁၃ ရာစု ၁၂၅၀ ခုနှစ်မှာ စတင်ရောက်ရှိလာ တာဖြစ်ပြီး အဲဒီတုန်းက ကျေးရွာပေါင်း ၅၈ ရွာ၊ လူဦးရေ ၂၀၀ ကျော်သာ နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၉၅ ခုနှစ်နောက်ပိုင်း ဖက်စပ်အကျိုးတူကုမ္ပဏီဆိုပြီး လုပ်လာတဲ့နောက်ပိုင်းမှာတော့ ဖားကန့် ဒေသဟာ သဘာဝသယံဇာတနဲ့ တော၊ တောင်တွေ ပျက်စီးဆုံးရူံးလာရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ကိုလည်း ကချင်ပြည်နယ်အစိုးရဆီကို ပေးပို့သွားမယ်လို့လည်း ပြောကြပါတယ်။

(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org