ဖားကန့်မှာ နောက်ထပ်မြေစာပုံ ပြိုကျမှုဖြစ်ပွား၊ တစ်ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော် ရွာက Ever Winner ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ရတနာပြည့်ဖြိုးအောင် ကျောက်စိမ်းကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံ ရှင်းလင်းနေတာကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော်ရွာက Ever Winner ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ရတနာပြည့် ဖြိုးအောင် ကျောက်စိမ်းကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

မြေစာပုံဟာ ဒီနေ့မနက် ၃ နာရီက ပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ရခိုင်သားတစ်ဦးဖြစ်တယ်လို့ ဖားကန့်မြို့ဒေသခံ ကိုလမောင်လတောင်က ပြောပါတယ်။

"Ever Winner ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတစ်ခုပေါ့လေ ရတနာပြည့်ဖြိုးအောင် ဆိုတဲ့ကုမ္ပဏီက အဲ့ဒီမှာမြေပြိုတာ၊ လောလောဆယ် တစ်ယောက်တည်းပဲ သတင်းရသေးတာပေါ့၊ ကျနော်တို့ ဖားကန့်မှာမြေပြို တယ်ဆိုတာက အများအားဖြင့်ပေါ့ နှစ်တိုင်းလိုလို အဲ့လိုကျင်းပြိုတာရှိတယ်၊ ပစ်ထားတဲ့မြေစာပုံက တစ်နှစ်ပတ် လုံးလိုလိုပစ်ထားတော့ အောက်ကခံနိုင်ရည် မရှိတဲ့အတွက်ကြောင်မို့လို့ မြေပြိုတဲ့သဘောမျိုးဖြစ်တယ်"

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံတွေဟာ မကြာမဏပြိုကျပြီး လူသေဆုံးမှုတွေ ဖြစ်နေကြ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရတနာရောင်ခြည်၊ ရတနာအောင်ချမ်း၊ တစ်သုံးလုံး ကုမ္ပဏီခေါ် လျှံရှန်း စတဲ့ ကျောက်စိမ်းကုမ္ပဏီတွေက မြေစာစွန့်ပစ်တဲ့ ကမ်ခမ်စုပေါင်းမြေစာပုံ ပြိုကျခဲ့ပြီး လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက မြေစာပုံသယ်တဲ့ ကားတွေဟာ ဆိပ်မူကျေးရွာအုပ်စုထဲက ကျေးရွာတွေ ကနေ ဖြတ်သန်းသွားရာမှာ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေ ဖြစ် ပွားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org