ဖားကန့်မြေပြို လေးဦး သေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာက ဆုထူးပန် ကုမ္ပဏီလုပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း က ကျောက်ကြောကမ်းပါးပြိုကျလို့ တစ်နိုင် တစ်ပိုင်ကျောက် တူးနေသူ လေးဦး သေဆုံးခဲ့ပါတယ်။
-
2016-07-14 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာက ဆုထူးပန် ကုမ္ပဏီလုပ် ကွက်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ကျောက်ကြောကမ်းပါးပြိုကျလို့ တစ်နိုင်တစ်ပိုင်ကျောက်တူးနေ သူ လေးဦး သေဆုံးခဲ့ပါတယ်။
ကျောက်ကမ်းပါးအလယ်မှာ ကျောက်တူးနေကြတာဖြစ်ပြီး တောင်ကမ်းပါးယံပြိုကျချိန် အရှိန်နဲ့ အောက်ဖက် က ရေအိုင်ထဲကျပြီး ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတူးမိုင်က ပြောပြ ပါတယ်။
"ကုမ္ပဏီလုပ်ငန်းနားပြီဆိုတော့ သူတို့က ကုမ္ပဏီလုပ်ကွက်ထဲမှာ လွတ်လွတ်လပ်လပ်တူးတယ်၊ တူးတဲ့ အချိန်မှာ အခုက နေပူလိုက် မိုးရွာလိုက်ဆိုတော့ အဲ့မှာကမ်းပါးပြိုတာလေ၊ ကမ်းပါးပြိုပြီးမှ သူတို့တူး တဲ့အောက်မှာ ရေအိုင်ရှိတယ်၊ ပြိုတာ ကမ်းပါးက ရေအိုင်ကိုလာရိုက်တော့ သူတို့ကျင်းတူးနေတဲ့ဟာတွေ ကို ရေနဲ့ ရိုက်ချလိုက်တာပေါ့ ၊ လေးယောက်က ရေအိုင်ထဲပြုတ်ကျသွားတယ်၊ လေးယောက်စလုံး က ရေနစ်သေတာ၊ အမြင့်ပေကတော့ ၁၅ဝ လောက်ရှိတယ်"
ရေထဲနစ်သေဆုံးခဲ့တဲ့အထဲက အလောင်းတစ်လောင်းကို ဒီကနေ့မှာ ပြန်လည်တွေ့ရှိပြီး ဖားကန့်မြို့နယ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိပ်မူကျေးရွာအခြေစိုက် သင်္ခါလူမှုကူညီရေးအဖွဲ့ရဲ့ ဥက္ကဌ ဦးခင်မောင် က ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသက စွန့်ပစ်မြေစာပုံတွေနဲ့ ကျောက်ကြောတောင်ကမ်းပါယံတွေ၊ ရေဝပ်နေ တဲ့ ကျောက်ကျင်းလုပ်ကွက် စတဲ့ မြေပြိကျမှုအန္တရာယ်တွေ ရှိနိုင်တဲ့နေရာတွေမှာ ကျောက်မတူးကြဖို့ အသိပေးထားပါတယ်။
ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေနဲ့ စွန့်ပစ်မြေစာပုံတွေတစ်ဝိုက်မှာ မကြာခဏမြေပြိုလို့ ထိခိုက်သေ ဆုံးမှုတွေရှိနေပြီး မနှစ်က နိုဝင်ဘာ ၂၁ ရက်နေ့က ဆိပ်မူကျေးရွာအနီးက စုပေါင်းစွန့်ပစ် မြေစာပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။