တိုက်ပွဲတွေကြောင့် မိုးကောင်း-ဖား ကန့်ကားလမ်းပိတ်
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် ကား လမ်းပေါ်မှာ အစိုးရတပ်မတော်နဲ့ ကေ အိုင်အေ ကချင်လွတ်မြောက်ရေးတပ် မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး မိုးကောင်းနဲ့ ဖားကန့် ကားလမ်းကို ပိတ်ထားလိုက်ပါတယ်။
-
2015-06-17 -
-
-
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့ ဒီနေ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး မိုးကောင်းနဲ့ ဖားကန့် ကားလမ်းကို ပိတ်ထားလိုက်ပါတယ်။
မိုးကောင်း-ဖားကန့်ကားလမ်းပေါ် နန့်ဟိုင်ကျေးရွာနဲ့ နန့်ယားကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ် ပြီး ယာဉ်အသွားအလာတွေကို ပိတ်ထားတယ် လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။
"တိုက်ပွဲကတော့ မိုးကောင်းနဲ့ ဖားကန့်လမ်းက နန့်ဟိုင်ကြားမှာ ကြားနေတယ်ဗျ၊ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုပိတ်ပြီး၊ ဖြတ်သန်းခွင့်မပြုဘူး၊ မြို့ထဲ မှာတော့ ကျနော်တို့ သတိနဲ့သွားလာနေရတယ်"
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ ၁၀ မိုင်အကွာ နမ့်ကျန်ခူးချောင်းဖျားအနီး ကေအိုင်အေတပ်ရင်း ၆ နဲ့ အစိုးရ တပ်မတော် စကခ-၇ လက်အောက်ခံတပ်တွေနဲ့ ပြီးခဲ့တဲ့ ၂ရက်လောက်ကစလို့ တိုက်ပွဲဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တာဝန်နဲ့ ရောက်ရှိနေတဲ့ ကချင်ပြည်နယ် အစိုးရဝန်ကြီးတစ်ဦးကို ကေအိုင်အေ တပ်သားတွေက ဖမ်းဆီးရာကနေအစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။