စစ်ရေးတင်းမာမှုကြောင့် ဖားကန့်ဒေသမှာ စာသင်ကျောင်းတွေ ပိတ်ထားရ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့အကြား စစ်ရေးတင်းမာ မှုတွေကြောင့် အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင်စတဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရပြီလို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့  ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် အောင် ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင်စတဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရပြီလို့ သိရပါတယ်။

နှစ်ဖက်စစ်တပ်တွေအကြားမှာ ဒေသခံရွာသားတွေ ပိတ်မိနေတဲ့အတွက် အလုပ်အကိုင်တွေ ရပ်နား ထားတာ ၃ ရက်ခန့်ရှိပြီလို့လည်း အောင်ဘာလေကျေး ရွာမှာ နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ အကွာ က ကေအိုင်အေတပ်ရင်း ၆ အခြေစိုက်စခန်း အနီးမှာရှိတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင် စတဲ့ ကျေးရွာသုံးရွာက ရွာသားတစ်ထောင်ကျော်ခန့်ဟာ ဥရုချောင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ကမ်းမှာ တပ်စွဲနေရာယူထားတဲ့ အစိုးရနဲ့ကေအိုင်အေ တပ်တွေအကြား ပိတ်မိနေတာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ နှစ်ဖက်စစ်ရေးအရှိန်လျှော့နိုင်ဖို့ ဒေသခံရပ်မိရပ်ဖတွေက ဖားကန့်စစ်ဗျူဟာကို သွားရောက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်နှောင်းပိုင်းကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံရွာသားထောင်ပေါင်းများစွာဟာ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေမှာ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org