ဖိလစ်ပိုင်သံအမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဖိလစ်ပိုင်သံအမတ်ကြီး မာရီယာ အယ်လင်ဘာဘာ Maria Hellen M. Barber ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ နေ့လည်ပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီကနေ့ ညနေပိုင်း ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး ဆွေးနွေးချက်ကိုတော့ နှစ်ဖက်စလုံးက တစုံတရာ ထုတ်ပြန်ခြင်း မရှိဘူးလို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာသူ ဘင်နီနို အကွီနိုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေအပေါ် လူသိရှင်ကြား ရှေ့တန်းက ထောက်ခံ အားပေးနေတဲ့ အာစီယံ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org