မထသ ဖျက်ဖို့ တိုင်းဝန်ကြီးချုပ်ပြောကြား

ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) အဖွဲ့အနေနဲ့ အများပိုင်သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ ကုမ္ပဏီ တစ်ခုအနေနဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းက မ ထ သ (ဗဟို) ရုံးချုပ်မှာ ဇူလိုင်လ ၂၂ ရက်နေ့က မ ထ သ အဖွဲ့တွေနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွေ့ဆုံစဉ် Photo: Thiha Tun/RFA

ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) အဖွဲ့အနေနဲ့ အများပိုင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ ကုမ္ပဏီတစ်ခုအနေနဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်တွန်းပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းက မ ထ သ (ဗဟို) ရုံးချုပ်မှာ မ ထ သ အဖွဲ့တွေ နဲ့ တွေဆုံပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းက (မ.ထ.သ)ရဲ့ အခြေချစရာနေရာကပဲ ဆက်ပြီး နာမည်ပြောင်းလဲပြီး ပိုမိုအဆင့်မြင့်တင်တဲ့၊ ပိုမိုဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာတွေနဲ့ ဆောင်ရွက်သွားဖို့ ကျနော်တို့ ပြင်ဆင်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်၊ သမိုင်းရဲ့အစဉ်အဆက် ပြောင်းလဲခန်း တစ်ရပ်ဖြစ်နိုင်အောင် လုပ်ငန်းပုံစံတွေကတော့ အများကြီးပြောင်းလဲသွားမှာပါ၊ ပိုင်ဆိုင်နေတဲ့ ယာဉ်လိုင်းတွေဟာ အရှုံးပေါ်နိုင်တဲ့ယာဉ်လိုင်းတွေ ပြေးဆွဲနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့်မို့ ကျနော်တို့ဟာ အစုအဖွဲ့ဖွဲ့စည်းပြီး ကုမ္ပဏီပုံစံကိုပြောင်းလဲဖို့ ကျနော်တို့ တိုက်တွန်းခြင်းဖြစ်ပါတယ်"

အများပိုင်ကုမ္ပဏီယာဉ်လိုင်းတွေဖွဲ့ပြီးရင် တိုင်းဒေသကြီးအစိုးရကနေ စက်သုံးဆီဆိုင်တွေ ဖွင့်ခွင့်ပေးသွား မှာဖြစ်သလို အစိုးရအဖွဲ့က အစုရှယ်ရာတွေလည်း ထည့်ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါ တယ်။

ရန်ကုန်တိုင်းအတွင်း အများပိုင်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့လက်အောက်မှာ သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီ ၈ ခုလောက်ဖွဲ့စည်းပြီးရင် ပထမအဆင့်အနေနဲ့ လက်ရှိ မ ထ သ ယာဉ်လိုင်း ၃၀၀ ကျော်ထဲက လိုင်းပေါင်း ၂၅ လိုင်းကို ပိတ်သိမ်းမှာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ပြေးဆွဲရာလမ်းကြောင်းတူတဲ့ယာဉ်လိုင်းတွေ၊ ကားအစီးရေနည်းတဲ့ ယာဉ်လိုင်း တွေကို ပူးပေါင်းမှာဖြစ်ပြီး အများပိုင်းယာဉ်လိုင်းတွေအဆင်သင့်ဖြစ်ပါက မ ထ သ ယာဉ်လိုင်းတွေ အားလုံးကို ဖျက်သိမ်းသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ လက်အောက်မှာ အများပိုင်ကုမ္ပဏီတွေအဖြစ် တဆင့်ချင်း ဖွဲ့စည်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org