ဖြူးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်ရင်း ရဲတစ်ဦး သေဆုံး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲမှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖြူး PDF တပ်ဖွဲ့ဝင်တွေ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းက အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးသွားတယ်လို့ ပဲခူး PDF အဖွဲ့က ပြောပါတယ်။
- 2021-10-23
-

ဒီနေ့မနက် သုံးနာရီခွဲလောက်မှာ ဖြူးမြို့နယ်ထဲ ဝင်လာတဲ့ PDF တပ်ဖွဲ့ဝင်နှစ်ယောက်နဲ့ ကင်းလှည့်လာတဲ့ ရဲသုံးယောက်တို့ ထိပ်တိုက်တွေ့ကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ပဲခူးတိုင်း PDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“မြို့ပြင်မှာပဲဖြစ်သွားတာပါ။ ကျနော်တို့ ရဲဘော် နှစ်ယောက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာ လာနိုင်ခဲ့ပါတယ်”
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဖြူးမြို့နယ် ညောင်ပင်သာမြို့မ (၁) လမ်းအစွန် အရှေ့ဘက် လယ်ကွင်းထဲက Mytel တာဝါတိုင်တစ်ခုကိုလည်း ဖြူး PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး အဲဒီနေ့မှာပဲ သမဝါယမရုံးရှေ့မှာ ဖောက်ခွဲမှုတစ်ခု လုပ်ခဲ့ရာ လူတွေ ထိခိုက်ဒဏ်ရာရတာ၊ အဆောက်အအုံ ပျက်စီးတာမျိုးတွေ မရှိခဲ့ပါဘူး။