မြန်မာသင်္ဘောသား ၂၃ ဦး ပင်လယ်ဓားပြလက်မှ ပြန်လွတ်

မြန်မာ သင်္ဘောသား ၂၃ ယောက် လိုက်ပါသွားခဲ့တဲ့ လွန်ခဲ့တဲ့ ဒီဇင်္ဘာလက အာဖရိကတိုက် ၊ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ အသွား၊ ပင်လယ်ပြင် တနေရာမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ M.V.Panama အမည်ရှိ ကွန်တိန်နာ သင်္ဘောကြီးကို ဆိုမာလီ ပင်လယ် ဓားပြတွေက မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လိုက်ဘေးရိယား နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီ သင်္ဘောကြီး အတွက် ၆ လခန့် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ရပြီး မနေ့ မနက်ကတော့ သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၇ သန်း ပေးပြီး ရွေးခဲ့တဲ့ အတွက် လွှတ်ပေးလိုက်တာလို့ ပြန်ပေးသမားတွေက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီ သင်္ဘောပေါ်ကနေ သူတို့ ဆင်းပေးလိုက်ပြီမို့ အခု ဘေးကင်းရာကို ထွက်ခွါသွားပြီလို့လည်း ဆိုမာလီ ပြန်ပေးသမား တယောက်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org