တောင်သူ ဒေါ်ခင်ဝင်း သေနတ် ထိမှန် သေဆုံးရတာဖြစ်ကြောင်း တရားရုံး ဆုံးဖြတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ သေဆုံးရသူ ဒေါ်ခင်ဝင်း အမှုနဲ့ ပတ်သက်ပြီး မနေ့ညနေပိုင်းက ဆားလင်းကြီးမြို့နယ် တရားရုံးက သေနတ်ထိမှန်သေဆုံးကြောင်း ဆုံးဖြတ် ချက်ချလိုက်ပါတယ်။

လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေဆုံး ရသူ ဒေါ်ခင်ဝင်း အမှုနဲ့ပတ်သက်ပြီး မနေ့ညနေပိုင်းက ဆားလင်းကြီးမြို့နယ်တရားရုံးက သေနတ်ထိမှန်သေ ဆုံးကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ကြောင်း၊ ရော ဂါကြောင့် သေဆုံးတာဖြစ်ကြောင်း တရားသူကြီး ဦးရွှေမြင့်အောင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ် ။တရားရုံးက ဆုံးဖြတ်ချက်ချပြီးဖြစ်တာကြောင့် ပစ်ခတ်သူတရားခံကို ဖော်ထုတ်ရမှာဖြစ်တယ် လို့ ရှေ့နေများကွန်ရက်က တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

"ကျနော်တို့ဘက်က နဂိုကတည်းက ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ အဲ့ဒီတော့ အဲ့ဒီဟာကို ကျနော် တို့က ပြန်အသက်သွင်းမယ်၊ တကယ်လို့ ပြန် အသက်သွင်းလို့မရရင် တရားရုံးမှာပြန်ပြီးတော့ ဦးတိုက်လျှောက်ပြီး ပြန်အသက်သွင်းမယ်၊ ဦးတိုက်လျှောက်လို့ အသက်သွင်းလို့မရဘူးဆိုရင် ကျနော်တို့က ဒီအမှုကို ဆက်လက်ရှင်းသွားအောင် လုပ်ဖို့ ကျနော်တို့ ကြိုးစားမယ်ပေါ့နော်"

ဒီအမူနဲ့ပတ်သက်ပြီး ရှေ့နေများကွန်ရက်က အမူသွားဖွင့်တာမှာ ဆားလင်းကြီး ရဲစခန်းက ဆောင်ရွက်စရာရှိ တာတွေ မပြီးပြတ်သေးတဲ့အတွက် အမူကိုလက်မခံကြောင်း ရှေ့နေများကွန်ရက်ကို အကြောင်းပြန်ထားတာဖြစ် ပါတယ်။

ဒီအတောအတွင်း ဧပြီလ ၉ ရက်နေ့ ဆားလင်းကြီးတရားရုံး၊ ရုံးချိန်းက ပြန်လာတဲ့ ဒေသခံတောင်သူတွေ ရဲ့ ထော်လာဂျီယာဉ်တိုက်မူဖြစ်တာကြောင့် ၁၆ ဦး ဒါဏ်ရာရရှိသွားပါတယ်။  နှစ်ဦးဟာ ဒါဏ်ရာပြင်းထန်တယ်လို့ မိုးကြိုးပြင်ရွာသူ မခင်အေးက ပြောပါတယ်။

"'ဒဏ်ရာရတာကတော့ ၁၉ ယောက်ရှိပါတယ်၊ ၁၆ ယောက်ကတော့ ဆေးရုံမှာတက်ပြီးတော့ ကျန်တဲ့လူ ၃ ယောက်က သူတို့လည်း ဒဏ်ရာတွေများရဲ့သားနဲ့ ရွာတွေမှာပဲ ဆေးရုံကိုမလိုက်သွားဘဲ ဆရာမနဲ့ ကုသနေသူတွေလည်းရှိပါတယ်၊ ဆေးရုံကုသမှု ၁၆ ယောက်တည်းအပါအဝင်မှာ ပြန်ပြီးသက်သာတဲ့ လူရှိပြီး ၃ ယောက်ကတော့ ရွာကိုပြန်ဆင်းလာပါပြီ၊ ကျန်တဲ့ ၂ နှစ်ဦးကတော့ တော်တော်လေး စိုးရိမ် မှုရှိတယ်လို့ ပြောနေကြပါတယ်ဆိုတာလည်း အဲ့ ၂ ယောက်ကတော့ တော်တော်လေးကို အားနည်းချက် ရှိတယ်လို့ပြောပါတယ်၊ သူတို့ကတော့ အောက်ပိုင်းတွေနာပြီး တော်တော်လေးကို အားနည်းတယ်လို့ လည်းပြောပါတယ်"

ဒေသခံတွေရဲ့ ထော်လာဂျီယာဉ်ကို ခရီးသည်တင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ပတ်သက်လို့ အမှုဖွင့်ဖို့ ကြိုးပမ်းနေတဲ့ ရှေ့နေများကွန်ရက်က တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org