လယ်မြေသိမ်းမှု ကန့်ကွက်သူ ၂၀ ထားဝယ်ရဲတပ် ဖမ်းဆီးတရားစွဲ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခံရတဲ့ လယ်မြေတွေမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က မြေကွက်ဖော်နေတာနဲ့ ပတ်သက်ပြီး လယ်သမားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အကြား အခြေအနေတွေ တင်းမာခဲ့ပြီး ဒီနေ့ လယ်သမား ၂၀ ကျော်ကို ထားဝယ်မြို့နယ် ရဲစခန်းက ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ သုံးခုနဲ့ တရားစွဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
-
2014-06-03 -
-
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းခံရတဲ့ လယ်မြေတွေမှာ မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့က မြေကွက်ဖော်နေတာနဲ့ ပတ် သက်ပြီး လယ်သမားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အကြား အခြေအနေတွေ တင်းမာခဲ့ပြီး ဒီနေ့ လယ်သမား ၂၀ ကျော်ကို ထားဝယ်မြို့နယ် ရဲစခန်းက ဝတ္တရားနှောင့် ယှက်မှုအပါအဝင် ပုဒ်မ သုံးခုနဲ့ တရားစွဲ ဖမ်းဆီးထား တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က မြို့သစ်တိုးချဲ့ဖို့အတွက် ထားဝယ်မြို့ ကင်းမြောကင်းလမ်းဘေးက လယ်ဧက ၅၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရက သိမ်းဆည်းခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီလယ်မြေတွေအတွက် လျော်ကြေး အနေနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်စီဖော် ပြီးပေးတာကို လက်မခံဘဲ တောင်သူတွေက အဲ့ဒီလယ်မြေတွေပေါ်မှာ တဲထိုးပြီး စောင့်ဆိုင်းရာမှာ ဒီနေ့ ဖမ်းခံရတာဖြစ်တယ်လို့ လယ်သမားအရေးဆောင် ရွက်သူ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖဲ့ွက ကိုသန်းဝင်းက ပြောပါတယ်။
"မြို့ကွက်လုပ်မယ်ဆိုပြီးတော့ စိုက်ဖို့လာတာပေါ့နော်၊ ကျနော်တို့ လယ်သမားတွေက အစိုက်မခံဘူး၊ တိုင်တွေ စွဲနုတ်ပစ်လိုက်တယ်၊ လယ်သမားတွေက ငါတို့က လျော်ကြေးလည်း မယူသေးဘူး၊ ငါတို့နဲ့ သဘောတူညီချက် လည်း မရသေးဘူးပေါ့၊ တွင်းတူးမယ်ဆိုရင် ငါတို့ကိုပါတူးလိုက်ဆိုပြီး အဲ့တွင်းထဲဝင်အိပ်နေတာ၊ အဲလိုမှ သူတို့က လှည့်ပြန်သွားပြီးတော့ ဒီနေ့မှာ ပုဒ်မ ၃ ခုတပ်ပြီး အယောက် ၂ဝ ကို တရားစွဲမယ်ဆိုပြီး အမှုဆင်နေတာ"
အသိမ်းခံရတဲ့ လယ်မြေတွေဟာ လယ်သမားတွေ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေဖြစ်ပြီး လျော်ကြေး မယူတဲ့ လယ်သမား ၅၀ လောက်နဲ့ မြေကွက်ဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကတည်းက တင်းမာမှုတွေဖြစ်ခဲ့တာပါ။
သိမ်းဆည်းထားတဲ့ ဧက ၅၀၀ ကျော်ထဲက ဧက ၂၀၀ ကျော်မှာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံ့ွဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးဝန်ကြီးအိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာတွေ၊ ဆေးရုံတစ်ရုံ ကို ဆောက်လုပ်နေတာလို့ သိရပါတယ်။