ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီး ခေါ်ဆောင်သွား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ လပတ်အစည်းအဝေးလုပ်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရောက်နေတဲ့ အချိန်မှာ ပြိုင်းချကျေးရွာက ဦးမောင်ဦးစိန်၊ ရန်အောင်ပြင် ကျေးရွာက ဦးစိန်လှမောင်၊  ပေါက်ပင်ကွင်းကျေးရွာက ဦးမောင်တင်ရွှေနဲ့ ကျောက်ဆည်ပြင်ကျေးရွာက ဦးအောင်နိုင်ထွန်း စတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

သူတို့ကို ခေါ်ဆောင်သွားတဲ့အကြောင်းအရင်း၊ အမှုကိစ္စတို့ကို မသိကြရသေးတာကြောင့် မြို့နယ်ရဲစခန်းကိုသွားပြီး မြို့နယ်မှူး ၊ စခန်းမှူးတွေကို တွေ့ဖို့ကြိုးစားပေမယ့် တွေ့ခွင့်မရတဲ့အကြောင်း၊ အခေါ်ခံသွားရတဲ့ အုပ်ချုပ်ရေးမှူး ၄ ယောက်ကိုတော့ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ သိခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တဲ့ ဦးခင်မောင်ထွန်းက RFA ကို ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ဆောင်သွားတဲ့ကိစ္စကို မေးမြန်းဖို့အတွက် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့ကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org