စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း

ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေ ကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: AFP

ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန် မှာ  ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံက  လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊  တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံက တင်သွင်းတဲ့  တရားမဝင်ဆေးဝါး တချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ကို နေပြည်တော်ကို ခေါ်ဆောင်သွားတယ် လို့ သိရပါတယ်။

ကလေးနဲ့ တမူးဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ လက်နက်မှောင်ခိုမှုတွေနဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာတွေ များပြားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေကတော့ ဒီလိုဥပဒေမဲ့လုပ်ဆောင်နေတဲ့ ရဲစခန်းတွေကို ဆက်လက်အရေးယူဖို့ရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org