စဉ့်ကူး ညောင်ဝန်းရွာသားတွေ အမှုဖွင့်တိုင်ကြားမှု ရဲစခန်း လက်မခံ

သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေ သကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ခဲ့ကြ ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖေါက် ခဲ့တဲ့ အတွက် ကျေးရွာသားတချို့ ဒဏ်ရာရခဲ့တာကြောင့် စဉ့်ကူးမြို့နယ် လက်ပံလှရဲစခန်းမှာ ရွာသားတွေက သွားရောက်အမှုဖွင့်ရာမှာ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာမှာ သြဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ရွာသားတွေ ပဋိပက္ခမှာ ရဲကပစ်လိုက်တဲ့ ကျည်ဆန်များကို တွေ့ရစဉ် Photo: Hset Paing Toe/RFA

သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား ပဋိပက္ခဖြစ်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့ ဝင်တွေက သေနတ်ပစ်ဖေါက်ခဲ့တဲ့အတွက် ကျေးရွာသား တချို့ ဒဏ်ရာရခဲ့တာကြောင့် စဉ့်ကူးမြို့နယ် လက်ပံလှ ရဲစခန်းမှာ ရွာသားတွေက သွားရောက်အမှုဖွင့်ရာမှာ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

မနေ့က ရဲစခန်းမှာ အမှုသွားဖွင့်ရာမှာ ပါဝင်ခဲ့ တဲ့ ညောင်ဝန်းရွာသူ မဌေးကြွယ်က RFA ကိုပြောပါ တယ်။

"အကြမ်းဖက်ပုံစံမျိုး ကျမတို့ရွာကို ဒီလိုဝင်လုပ်သွားတဲ့ အတွက် ထိထိရောက်ရောက်လည်း အရေးယူစေချင် တယ်၊ ပစ်မိန့်ပေးတဲ့လူကိုလည်း ကျမတို့တွေက သိချင် ပါတယ်၊ ဘာအတွက်နဲ့ ကျမတို့ကို ပစ်မိန့်ပေးတာလဲ ဆိုတာကို ကျမတို့ဘက်က သိချင်ပါတယ်၊ အဲဒါ ကတော့ ကျမတို့ တစ်ရွာလုံးပါပဲ၊ အဲဒီရဲစခန်းကို ကျမတို့ဘက်က အမှုပြန်ဖွင့်မယ်၊ သူတို့ဘက်က အမှုဖွင့်တာ လက်မခံဘူးဆိုရင် မြို့နယ်တရားရုံးတက်ပြီးတော့ တရားစွဲဆိုသင့်ရင် တရားစွဲဆိုမှာပါရှင့်"

မန္တလေးတိုင်း ရဲမှူးတွေကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား မနေ့က လာရောက်ညှိနှိုင်းပေးခဲ့စဉ် တုန်းက ပြေလည်မှုရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားတဲ့အတွက် အဲဒီရွာသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးရင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ဖောက်ခဲ့တဲ့အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြသလို ညောင်ဝန်းကျေးရွာသူ အမျိုးသမီးတစ်ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရပါတယ်။

ညောင်ဝန်းရွာသူ မဌေးကြွယ်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org