မီးသွေးကားယာဉ်မောင်း သေဆုံးမှုနဲ့ ဒုရဲအုပ်ကို အမှုဖွင့်

မီးသွေးကားတစီးကို စစ်ဆေးရာကနေ ဒုရဲအုပ်ရဲ့ ခြောက်လုံးပြူးသေနတ်ကျည် ထိမှန်ပြီး ယာဉ်မောင်းသေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒုရဲအုပ်ကို လူသေမှု ပုဒ်မ ၃၀၄ နဲ့ အမှုဖွင့် လိုက်ပါတယ်။

နေပြည်တော်မှ ကြိုဆိုပါ၏ ဆိုင်းပုဒ်ကို တွေ့ရစဉ် .

မီးသွေးကားတစီးကို စစ်ဆေးရာကနေ ဒုရဲအုပ်ရဲ့ ခြောက်လုံးပြူးသေနတ်ကျည် ထိမှန်ပြီး ယာဉ်မောင်းသေဆုံး ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒုရဲအုပ်ကို လူသေမှု ပုဒ်မ ၃၀၄ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ဥတ္တရသီရိမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး တင်ဌေး က တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့အကြောင်း ပြောပါတယ်။

အောက်တိုဘာလ ၇ရက်နေ့က ပျဉ်းမနား- တောင်ညိုလမ်းက မောင်းနှင်လာတဲ့ မီးသွေးကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာ ထွက်ပြေးတာကြောင့် ဒုရဲအုပ်က သေနတ်နဲ့ချိန်ရွယ်ရပ်တန့်စဉ်မှာ ကျည်ထွက်သွားတာလို့ ရဲစစ်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီယာဉ်ပေါ်မှာ ပါလာတဲ့ ကိုဇော်မျိုးကတော့ ချိန်ရွယ်ပစ်ခတ်တာလို့ ပြောပါတယ်။

သေဆုံးသူဟာ ဥတ္တရသီရိမြို့နယ်၊ ဆားကျင်းကျေးရွာက အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေက ဒီကိစ္စအပေါ် တရားမျှမျှတတ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org