ဦးထိုက်ဇော် သေဆုံးမှု စုံစမ်းနေဆဲလို့ ရဲတပ်ဖွဲ့ပြော
ရှမ်းပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကျော်သီဟ က RFA ကို ပြောပါတယ်။
-
အောင်သိင်္ခ
2020-12-10 -
-
-
ရှမ်းပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက် ပြီး ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကျော်သီဟ က RFA ကို ပြောပါတယ်။
NLD ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို NLD အနေနဲ့ နယ်မြေခံပါတီဝင်တွေက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပြီး ပါတီဗဟိုအနေနဲ့ကတော့ အထောက်အကူပြုအဖွဲ့ကနေတဆင့် ကူညီမှုတွေရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
ဦးထိုက်ဇော် လုပ်ကြံခံလိုက်ရတာဟာ နယ်မြေတည်ငြိမ်မှု အားနည်းမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
ဦးထိုက်ဇော်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် ၁ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။သူဟာ နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ကျောက်မဲမြို့က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။